ဈေးကွက်ဈေးနှုန်း

တစ်ပတ်အတွင်း မတ်ပဲဈေးနှုန်း (၂၄.၉.၂၀၂၀ မှ ၃၀.၉.၂၀၂၀)

Last Updated:

ယခင်သီတင်းပတ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးမတ်ပဲဈေးနှုန်းသည် အတက်ဖက် သို့ဦးတည်နေခဲ့ပြီး တစ်တင်းလျှင်ကျပ် ၃၆၀၀၀ နီးပါးရှိခဲ့ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် တစ်တင်းလျှင် ကျပ် ၃၅၅၀၀-၃၆၀၀၀၊ ၂၅ ရက်နေ့တွင် ကျပ် ၃၆၀၀၀၊ ၂၆ ရက်နေ့တွင် ကျပ် ၃၅၄၀၀၊ ၂၇ ရက်နေ့တွင် ၃၆၁၀၀-၃၆၂၀၀၊ ၂၈ ရက်နေ့တွင် ကျပ် ၃၅၈၀၀၊ ၂၉ ရက်နေ့တွင် ကျပ် ၃၆၀၀၀၊ ၃၀ ရက်နေ့တွင် ကျပ်၃၅၆၀၀၊ အသီးသီး ဈေးနှုန်းဖြစ်ပေါ်ခဲ့ပါသည်။ ယခင်သီတင်းပတ် ကာလနှင့်ဈေးနှုန်းများစွာ ကွာခြားချက်မရှိပဲ ကျပ် ၃၆၀၀၀ ဝန်းကျင်တွင်သာရှိနေခဲ့သည်။

အဓိကတင်ပို့ရောင်းချနေသည့် အိန္ဒိယနိုင်ငံတွင် မတ်ပဲစတင်ရိတ်သိမ်းရာသီဖြစ်၍ ဈေးနှုန်း အပေါ် အနည်းငယ်သက်ရောက်မှုရှိပြီး ဈေးတည်ငြိမ်လျှက်ရှိသည်။ အိန္ဒိယနိုင်ငံ၏ မတ်ပဲလိုအပ် ချက်မြင့်မားနေဆဲဖြစ်ပြီး၊ မြန်မာမတ်ပဲလက်ကျန်လည်း နည်းပါးလျှက်ရှိရာ ဈေးနှုန်းဆက်တက် လာဖွယ်ရှိသေးကြောင်း မြန်မာပဲကုန်သည်အချို့က ခန့်မှန်းလျှက်ရှိကြောင်း သိရသည်။

 

ဧရာကုန်သွယ်မှုဗဟိုဌာန